Monday, April 16, 2012

တွင်းရေလား၊ သမုဒ္ဒရာရေလား......

နေ့စဉ်နှင့်အမျှ အင်တာနက်စာမျက်နှာများပေါ် ရောက်လာသော မြန်မာပြည်သတင်း၊ နိုင်ငံသတကာသတင်း ပေါင်းစုံတို့ကို အားလတ်ချိန်ရလျှင် ရသလို ဖတ်ဖြစ်သည်။ ငွေကို ထားစရာနေရာ မရှိလောက်အောင် ကျိကျိတက် ချမ်းသာသော်လည်း မိမိသည် မည်မျှအောင်မြင်နေကြောင်း၊ ချမ်းသာကြွယ်ဝနေကြောင်းကို ကြွားဝါဖို့၊ ဟန်ပြလုပ်ဖို့မှလွဲ၍ လောကကောင်းကျိုးအတွက် ဘာမျှ မည်မည်ရရ မလုပ်ကြသူတို့၏ သတင်းတွေလည်း ပါသည်။ မိမိမှာ ရှိသမျှ အနေအထား၊ အစွမ်းအစလေးနှင့် တတ်နိုင်သမျှ အားထုတ်ကြိုးပမ်းပြီး လောက၏အကျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို ဆောင်ရွက်နေကြသူတို့၏ သတင်းတွေလည်း ဖတ်မိသည်။
ဤတွင် လောကနီတိထဲမှ စာပိုဒ်လေးတစ်ခုကို သတိရမိသည်။
"သမုဒ္ဒရာရေသည် မည်မျှပင် များပြားသော်လည်း သောက်ချိုးသုံးစွဲရန် အကျိုးမပြုသကဲ့သို့ လူမိုက် / သူယုတ်မာတို့၏ စည်းစိမ်ဥစ္စာသည်လည်း လောကနှင့် သတ္တ၀ါတို့အတွက် အကျိုးကျေးဇူး အားကိုးဖွယ် မဖြစ်။ တွင်းရေသည် များပြားလွန်းလှသည် မဟုတ်သော်လည်း သောက်ချိုးသုံးစွဲ အမှီသဟဲ ပြု၍ ရသကဲ့သို့ ပညာရှိ / သူတော်ကောင်းတို့၏ စည်းစိမ်ဥစ္စာသည်လည်း လောကနှင့် သတ္တ၀ါတို့အတွက် အကျိုးကျေးဇူး အားကိုးဖွယ် ဖြစ်လေသည်"  

မှတ်ချက်။    ။ Facebook မှာ ရေးခဲ့သော Post ဟောင်းတစ်ခုမျှသာဖြစ်ပါသည်။

No comments:

Post a Comment